Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document
The CONGREGATION OF THE MOST HOLY REDEEMER (CSSR)

The Congregation of the Most Holy Redeemer (CSSR) အမြင့်မြတ်ဆုံးသော ကယ်တင်ရှင်၏ အသင်းဂိုဏ်း(CSSR)

အမြင့်မြတ်ဆုံးသောကယ်တင်ရှင်၏အသင်း”ကို Saint:Alfonsus Maria de Liguori မှ 9 November 1732 နေ့ အီတလီနိုင်ငံ၊နေပယ်လ်မြို့အနီးတွင်တိုင်းပြည်မှ စွန့်ပစ်ထားသောလူများအတွက်လုပ်ဆောင်ရန် ရည်ရွယ်ပြီးတည်ထောင်ခဲ့ခြင်းဖြစ်သည်။1749 ခုနှစ် တွင် Pope Benedict XIV, မှ အသိမှတ်ပြုခဲ့သည်။ဤအသင်းသည်ရောမကာသိုလိပ်သာသနာပြုအသင်းတစ်ခုဖြစ်ပြီး၎င်းမှာဆရာတော်ကြီးများ၊ရဟန်းသံဃာများနှင့် ကိုရင်များ စုစုပေါင်းအသင်းသား(၅၅ဝဝ)ရှိ၍ “ကယ်တင်သူများ”ဟု များသောအားဖြင့်အသိအမှတ်ပြုထားသည်။ကမ္ဘာအနှံ့အပြားတွင် (၈၂) နိုင်ငံမက ကျွန်ုပ်တို့တွေ့ရှိရသည်။ကျွန်ုပ်တို့ကိုလည်း နေရာတကာမှာ အစဉ်အမြဲကူညီမှိုင်းမတော်မူသော မယ်တော်ကိုသိကြဖို့လုပ်ရသည့်အခွင့်အရေးကို ပေးထားသည်။ကျွန်ုပ်တို့အသင်း၏ဆောင်ပုဒ်မှာ“Copiosa Apud kum Redemption”ဖြစ်သည်။၎င်း၏အဓိပ္ပါယ်ကား-“များပြားသောကယ်တင်ခြင်းသည်သူနှင့်ရှိသည်။”သံအာလ်ဖုန်း ဆိုသကဲ့သို့ ကျွန်ုပ်တို့သည် ဆင်းရဲသားတို့အားဤသတင်းကောင်းကို ဟောပြောခြင်းအားဖြင့်ကယ်တင်ရှင်ယေဇူးကိုအတုယူကြသည်။ဘာသာရေးပြုပြင်ပုံသွင်းခြင်း ကြိုးစားပြင်ဆင်သူအနေဖြင့်ပထမဆုံးအတွေ့အကြုံယူ၍လေ့လာချိန်ပြီးသည်နောက် “ကယ်တင်ခြင်း”အသင်းကိုဝင်ရန် ထိုသူတို့သည် (Aspirant)ရဟန်းလောင်းတစ်ယောက်ဖြစ်ပြီး သူသည် အသင်းစုများထဲမှ တစ်ခုထဲတွင်နေထိုင်ရန် သွားရသည်။ သို့မှသာ နှစ်ဦးနှစ်ဘက်စလုံးသည် လေ့လာခြင်းဖြင့် ပိုသိကျွမ်းလာပြီး ဆက်သွားနိုင်မည်။ဤအချိန်သည်(၆)လသို့မဟုတ်(၁)နှစ်ကြာသည်။၎င်း မှတဆင့်အစစအရာရာအဆင်ပြေသည်ဆိုလျှင် (Postulant)သည်အသင်းသားတစ်ယောက်ဖြစ်ဖို့ပြင်ဆင်သူတစ်ဦး ဖြစ်လာသည်။ အချိန်ကာလသည်(၁)နှစ်ဖြစ်သည်။သူ့တို့ကိုလည်းအစကပင် အသင်းသားဝတ်စုံကို ဝတ်ဆင်ပေးသည်။ ဤအချိန်သည် အလွန်အရေးကြီးသော စမ်းသပ်ချိန်ဖြစ်သည်။အကြောင်းမှာ ထိုကာလသည် ဘုရား၏ ခေါ်တော်မူခြင်းကို ပိုမိုနားလည်ရန် အချိန်ဖြစ်သည်။ ၎င်းအချိန်သည် သူတို့၏ရည်ရွယ်ချက်နှင့် သင့်လျော်မှုရှိမရှိ စမ်းသပ်ခံအချိန်ဖြစ်သည်။အစပြုသောအချိန်အတွင်းတွင်သူတို့မှာဆုတောင်းဖို့ ရှည်လျားသောဆိတ်ငြိမ်ချိန်ရှိရသည်။ကိုယ့်ကိုယ်ကိုပြန်လည်စဉ်းစားပြီး ဝိညာဉ်ရေးအတွက် စာဖတ်ခြင်းပြုလုပ်ရသည်။ခေါ်တော်မူခြင်းနှင့်ပတ်သက်သည့်အမြင်ကို နက်ရှိုင်းဖို့လိုသဖြင့် သူတို့သည်ဘုရားသခင်၏ ခေါ်တော်ခြင်းအတွက် လွတ်လပ်၍ ရင့်ကျက်သောအဖြေကို ပေးနိုင်လိမ့်မည်။သူ၏ဝိညာဉ်ရေးကြီးထွားမှုသည် တထူးတခြား အာရုံစိုက်ခြင်းဖြစ်၍ အထူးသဖြင့် ဝိညာဉ်ရေးနှင့်ဆိုင်သော သူ့အကြီးအကဲ၏လမ်းကြောင်းခြင်းနှင့်လမ်းညွှန်မှု လည်းဖြစ်သည်။နိုဗီရှိတ်(Novitiate)ဤအချိန်ကာလတွင် အသင်းဂိုဏ်း၏ စည်းမျဉ်းနှင့် ဥပဒေများကို နက်ရှိုင်းစွာ လေ့လာရသည်။ ရိုးရိုးကတိပြုခြင်းကို၎င်းအချိန်၏အဆုံးမှာ ပြုလုပ်၍ ထိုသူကို အသင်းဂိုဏ်းထဲသို့ တရားဝင် လက်ခံလိုက်သည်။ ဘာသာရေးကတိသစ္စာအားဖြင့် အသင်းသားတို့သည် ဝိညာဉ်နှင့်ဆိုင်သော ညွှန်ကြားချက်(၃)ခုကို လက်ခံပြီး လူသိရှင်ကြားသစ္စာဆိုခြင်းအားဖြင့်အသင်းတော်ထဲရောက်လာသည်။ပထမကတိသစ္စာယူပြီးနောက်သူသည် ဒဿနိကဗေဒနှင့်ဘုရားနှင့်ဆိုင်သောပညာရပ်တို့ကိုတက္ကသိုလ်အဆင့်အထိလေ့လာသင်ယူရပြန်သည်။ဒုတိယပညာသင်ယူသူတစ်ယောက်အနေနှင့် သူသည်အသင်း၏လုပ်ငန်းများကို ကိုယ့်တိုင်းပြည်နှင့်အခြားတိုင်းပြည်များတွင် သွားရောက်လေ့လာနိုင်ခွင့်ရှိသည်။ပုံမှန်အားဖြင့်(၉)နှစ် ကြာပြီးဘုရားနှင့် ပတ်သက်သည့်ပညာဘွဲ့ ရပြီးသည့်အချိန်တွင် ‘ရာသက်ပန်ကတိသစ္စာ’ (နောက်ဆုံးအကြိမ်) ခံယူသည်။ အသင်းဝင်များသည် ဦးပဉ္စင်းကြီးသိက္ခာရမည်။နောက်ဆုံးကတိ သစ္စာခံယူပြီးသောကိုရင်များသည်သတ်မှတ်ထား သောအသင်းဂိုဏ်းအုပ်စုအသီးသီးသောနေရာများသို့သွားရန်ဖြစ်သည်။ရဟန်းဖြစ်မည့်သူများ သည် သိက္ခာမခံယူမီ သာသနာလုပ်ငန်းအတွေ့အကြုံ (၁) နှစ် လုပ်ဆောင်ရန်လိုအပ်သည်။

  The Congregation of the Most Holy Redeemer History C.Ss.R.

Abbreviation: C.Ss.R.Founder: Saint: Alfonsus Maria de Liguori (1696-1787)

Motto: Copiosa Apud Eum Redemption (With Him there is plentiful Redemption) Psalms 130:7)

Foundation date:9 November 1732 Type: Clerical missionary religious institute of pontifical right.

Approved: Pope Benedict XIV, 1749.

Presence: 82 countries with more than 5,500 confreres around the world. The Redemptorist came to Vietnam in 1925. Vietnamese Province now has 362 Redemptorists living in 27 communities in all parts of the country.

Charism: Redemptorists strive to follow the example of Jesus Christ, the Redeemer by preaching Good News to the abandoned Poor.

Mission and Apostolic work:

- Concluding preaching Parish mission, retreats to lay people, priests, religious sisters, and brothers.

- Evangelize for non-Catholic, ethnic tribes...

- Concerned with matters of social justice, migrants...

- Shrines of Our Mother of Perpetual Help, retreat houses.

- Education on moral theology, hear confession ministry.

FORMATION

Candidates: Those who are interested to become Redemptorist missionaries. The age from 18-25 for Priesthood and 18-30 for brotherhood

The Aspirancy: At least graduates high school and continue formation in Myanmar.

The Postulancy: happens in Vietnam

The Novitiate: happens in Vietnam

The Studendate: Formation happens in Myanmar and other countries.

   အမြင့်မြတ်ဆုံးသောကယ်တင်ရှင်၏ အသင်းဂိုဏ်း(CSSR)ဝင်လိုကါကဆက်သွယ်ရန်

 CONTACT WITH US IN MYANMAR:

Fr. Dominic, C.Ss.R.(Pyin Oo Lwin, Phone No. : 09773696038)

Fr. Peter, C.Ss.R.-(Pyin Oo Lwin, Phone No.: 09695802960)

Fr. John----- (Pyin OoLwin, Phone No.: 09663240620)

 

Untitled Document
Total viewer: 345929